Login

Register

Login

Register

Uncategorized

Ryzen Store မှ သွင်းတဲ့ ပစ္စည်းအကြောင်း

အမေးများတဲ့ used လား display အလုံးလားဆိုတဲ့ မေးခွန်းကို ဖြေရမယ်ဆိုရင် Ryzen Store က used တွေ Display အလုံးတွေ Generation နိမ့် laptop တွေ ဘယ်တော့မှ မသွင်းခဲ့သလို နောင်လဲ သွင်းမှာမဟုတ်ပါဘူး။

ကျနော်တို့ Ryzen Store ကနေ ဝယ်ယူတဲ့ customer တိုင်းတွက် factory sealed လုံးဝဖွင့်မထားတဲ့ laptop တွေပဲ သွင်းပါတယ်။
ကိုယ်တိုင် windows activate လုပ်ရတာမျိုးနဲ့ Thai ကပေးတဲ့ warranty ပါတာမျိုးပဲ ရောင်းပေးပါတယ်။

ဈေးကြီးကြီးပေးဝယ်ထားတဲ့ တန်ဖိုးကြီးပစ္စည်းတွေတွက် အသစ်စက်စက်ကို စသုံးရတယ်ဆိုတဲ့ ခံစားချက်ကို ရစေချင်တာပါ။ နယ်သမားတွေ game & software သွင်းခိုင်းလို့ ဖောက်ခိုင်းတောင် မဖောက်ခင်နဲ့ ဖောက်ပြီးသားကို photos and videos တွေ ပို့ပေးပါတယ်။ ရန်ကုန်ကဆိုလဲ လာယူမှ ဖောက်ပြီး အချိန်ပေးနိုင်ရင် လိုအပ်တာတွေ တခါတည်းသွင်းပေးပါတယ်။

ဒီတော့ ပြောချင်တာက order မှာထားတဲ့ laptop တိုင်းက factory sealed လုံးဝဖွင့်မထားတဲ့ အသစ်စက်စက် laptop တွေ ဖြစ်ကြောင်း၊ warranty ပါတဲ့ laptop တွေဖြစ်ကြောင်းနဲ့ ပစ္စည်းရောက်လာလို့ seal ပွင့်နေတာမျိုး warranty စစ်မရတာမျိုးဖြစ်ခဲ့ရင် cancel သာ လုပ်သွားပါ။ ကျနော်တို့ page က လိမ်ရောင်းပါတယ်ဆိုပြီး ပုံရိုက်ပြီး တင်ပါ။ Group တွေမှာ လိုက်တင်ပါ။ စိတ်တိုင်းကျ အရှက်ခွဲပါ။ တကယ်လို့ ကျနော်တို့ဆီက ဝယ်ယူရတာ အဆင်ပြေတယ် စိတ်ကျေနပ်မှုရှိတယ်ဆိုရင် အသိမိတ်ဆွေအပေါင်းအသင်းတွေကို ညွှန်ပေးပါခင်ဗျား။

ကျနော်တို့ Page သက်တမ်း ၈လကျော်အတွင်း စတင်ချိန်ကစပြီး အခုထိ ဝယ်ယူထားတဲ့ customer တွေအနေနဲ့လဲ အဆင်မပြေမှုရှိရင် error ရှိရင် အခု post အောက်မှာ အားမနာတမ်း လာရေးပေးဖို့လဲ request လုပ်ပါတယ်ခင်ဗျား။

ငွေကြေးအကျိုးအမြတ်ထက် customer ကို အမြဲဦးစားပေးတဲ့ Ryzen Store လို့ အာမခံပါတယ်ခင်ဗျား

Related posts

Leave a Comment