Blog

Laptop

Laptop တလုံးဝယ်တော့မယ်ဆို ဘယ်လိုစဥ်းစားကြလဲ။ တခြားနိုင်ငံတွေမှာတော့ Hire Purchase System ကောင်းကောင်း ရှိတာမို့ Laptop or Desktop တွေရဲ့ ဈေးကိုကြည့်ဖို့မလိုပဲ ကိုယ်လိုချင်တဲ့ performance ရတဲ့၊ ကိုယ့်စိတ်ထဲမှာ သဘောကျတဲ့ ပစ္စည်းကို ဝယ်လိုက်ရုံပါပဲ။ ကျနော်တို့နိုင်ငံမှာကျ တဦးချင်းဝင်ငွေနဲ့ အရစ်ကျဝယ်ယူဖို့ ခက်ခဲမှုတွေကြောင့် အများစုက Laptop ဝယ်ယူတော့မယ်ဆို performance ထက် ကိုယ်သုံးနိုင်တဲ့ ငွေပမာဏနဲ့ ဘာရမလဲဆိုတာပဲ လိုက်ကြည့်တာများပါတယ်။ မှားသလားဆို မှားတယ်လို့ ပြောလို့မရသလို မှန်လားဆို မမှန်ပါဘူး။ ဒီတော့ ကျနော့်အနေနဲ့ Laptop တလုံးဝယ်တော့မယ်ဆိုရင် ဘယ်လိုစဥ်းစားပြီးဝယ်သင့်တယ်ဆိုတာကို ပြောချင်ပါတယ်။ (ကျနော့်ရဲ့ခံယူချက်မို့ အမြင်မတူ လက်မခံနိုင်ရင် လိုက်နာဖို့မလိုအပ်ပါဘူး) ပထမဆုံးအချက်အနေနဲ့ အရေးအကြီးဆုံးအချက်က Laptop မှာ HDD only သုံးထားတာမျိုးဆိုရင် လုံးဝမရွေးချယ်စေချင်ပါဘူး။ ဘာကြောင့်လဲဆို Laptop CPU တွေရဲ့ core clock က နည်းသလို Desktop CPU တွေလို powerful မဖြစ်ပါဘူး။ ဒီတော့ ဝယ်တုန်းကသာ မြန်တယ်ထင်ရပေမယ့် အချိန်ကြာလာတာနဲ့အမျှ Boot တက်ဖို့တွက် ၁မိနစ်ကျော်စောင့် တက်လာလဲ ၁မိနစ်ကျော်စောင့်။ တခုခုလုပ်ရင်း လေးနေတာ နှေးနေတာတွေ မလွဲမသွေကြုံလာမှာပါ။ ဒါတွေကို မကြုံစေဖို့ M2 SSD သုံးထားတဲ့ Laptop အမျိုးအစားတွေကိုသာ…

Read More